Wednesday, December 3, 2008

"စစ်တိုက်တဲ့ဇတ်"

ပြုံးသူကပြုံး ပျော်သူကပျော်
ငေးသူကငေး ငိုင်သူကငိုင်
ဆွေးသူကဆွေး မှိုင်သူကမှိုင်
မဲ့သူကမဲ့ ငိုသူကငို
ဆဲသူကဆဲ ဆိုသူကဆို
တယောက်တမျိုးစီ
သောက်အိုးစည်
အချစ်ဇတ်ခုံ အဖုန်ဖုန်
ဆယ်ယောက်ကိုမှ တစ်ယောက်ပျော်ရမယ်
တစ်ခါပျော်ဖို့် ကိုးခါပြည့်အောင်ငိုခဲ့သည်
အချစ်စစ်နွှဲ အပွဲပွဲ
ဝေသံသရာ စိတ်မွေး
ဥပေက္ခာ ဒိုင်းနဲ့ကာ
အချစ် လှံနဲ့ခုခံခဲ့သည်
ဇတ်ခေါင်းလည်းကွဲ စစ်ပွဲလည်းရှုံး
ငါ့ကိုအားလုံး ဝိုင်းကာမုန်းသည်။

2 comments:

mabaydar said...

စာကြောင်းအားလုံးတော့ ဖတ်သွားတယ်.. ၁ကြောင်းချင်းစီတော့ နားလည်သလိုပဲ.. ကဗျာတစ်ပုဒ်လုံးဆုံးတော့ ဘာကိုဆိုလိုမှန်းသိတော့ဘူး..
ဒါပေမဲ့.. နင်ရည်းစားများခဲ့တဲ့ အကြောင်းကို ရေးထားတာထင်တယ်.. ဟီး... ငါက တဲ့ထိုးအိုးပေါက်ပဲပြောတတ်တော့ ကဗျာတွေတော်တော်များများကို နားမလည်ဘူးဟ...

gmap said...

ဖတ်လို့တော့ကောင်းပါတယ်...ဇာဇာပုတုမရယ်...