Wednesday, November 25, 2009

ငါနဲ့ပေါင်းရင်

သူငယ်ချင်း .....
ဘာမှ မတတ်တဲ့ငါ
တတ်သမျှ ပညာနဲ့
အစွမ်းကုန် ကူညီပါရစေ ။
တပြားမှမရှိတဲ့ ငါ့ကိုတော့
အကြွေးတွေ နဲ့မနေခိုင်းပါနဲ့ ။

သူငယ်ချင်း .....
မကြာခင် ပုပ်မဲ့
ငါ့ခန္ဓာကို အနိုင်ကျင့်ပါ ။
အသက်ထက် တန်ဖိုးရှိတဲ့
ငါ့ကိုယ်ကျင့်တရားကိုတော့
အနိုင်မကျင့်ပါနဲ့ ။

သူငယ်ချင်း .....
ငါမကောင်းရင် ငါ့ကိုပြောပါ
ငါ့လူမျိုးကိုတော့ မျက်စောင်းတောင်
မထိုးပါနဲ့ ။ ။

Tuesday, March 3, 2009

သတ္တိ

ထားခဲ့ရမဲ့ ခန္ဓာကိုယ် အတွက်
ထားခဲ့ရမဲ့ အနားကလူတွေအတွက်
ထားခဲ့ရမဲ့ ဘဝအတွက်
ထားခဲ့ရမဲ့ ပစ္စည်းတွေကိုရှာရင်း ...
ယူသွားရမဲ့ သတ္တိတွေပျောက်နေတယ်။