Thursday, November 27, 2008

"ငါ"

"ငါ"တစ်ယောက်ကောင်းစားဖို့
ငါ ဒုက္ခရောက်တာ
မငြီးကြနဲ့ တနိုင်ငံလုံး ကောင်းစားဖို့
ထောင်ထဲက ဒုက္ခနဲ့ လဲမလား?

"ငါ"တစ်ယောက်ကောင်းစားဖို့
အလောင်းပေါတက် "ဘုရင်ဟဲ့"လို့
အော်တဲ့လူကိုမပေါင်းကြနဲ့
တနိုင်ငံလုံး ကောင်းစားဖို့
ဇီဝိန်ကိုပေး စတေးခဲ့နိုင်လား?

"ငါ"တစ်ယောက်ကောင်းစားဖို့
ဗမာ အချင်းချင်းခေါင်းကိုနင်း
မာနထောင်လွှား မမော်ကြွားနဲ့
တမျိုးသားလုံးကောင်းစားဖို့
လက်တွဲကူကြ ဒို့မောင်နှမ...။

3 comments:

Anonymous said...

so good

mabaydar said...

တယ်ဟုတ်နေပါလား... ကလောင်သွားထက်နေတယ်ပေါ့..
ရက္ခိတ ဆိုတာဘယ်သူလဲကွ.. မြန်မာပြည်မှာဆိုရင်တော့ အနှစ် ၂၀ပဲ.. ဟား.. ဟား..
နာသတင်းသွားပို့မယ်.. ဟိ.. ဟိ.. စတာနော်

Retkhita said...

ကျေးဇူးပါ..ကြိုးစားပါဦးမည်။
အတူတူဝင်ကြတာပေါ့ မဗေဒါ... :P