Wednesday, December 3, 2008

"စစ်တိုက်တဲ့ဇတ်"

ပြုံးသူကပြုံး ပျော်သူကပျော်
ငေးသူကငေး ငိုင်သူကငိုင်
ဆွေးသူကဆွေး မှိုင်သူကမှိုင်
မဲ့သူကမဲ့ ငိုသူကငို
ဆဲသူကဆဲ ဆိုသူကဆို
တယောက်တမျိုးစီ
သောက်အိုးစည်
အချစ်ဇတ်ခုံ အဖုန်ဖုန်
ဆယ်ယောက်ကိုမှ တစ်ယောက်ပျော်ရမယ်
တစ်ခါပျော်ဖို့် ကိုးခါပြည့်အောင်ငိုခဲ့သည်
အချစ်စစ်နွှဲ အပွဲပွဲ
ဝေသံသရာ စိတ်မွေး
ဥပေက္ခာ ဒိုင်းနဲ့ကာ
အချစ် လှံနဲ့ခုခံခဲ့သည်
ဇတ်ခေါင်းလည်းကွဲ စစ်ပွဲလည်းရှုံး
ငါ့ကိုအားလုံး ဝိုင်းကာမုန်းသည်။

Thursday, November 27, 2008

"ကြို"

ချိုအေးကြည်သာမင်းမျက်နှာကို
တစ်နေ့မမြင်စိတ်မရွှင်လို့
ရင်မှာတမ်းတ လွမ်းလျှနေသည်
ဘဝကပေး ငါ့၏ဘေးကို
ဝမ်းတွင်းမြိုသိမ့် တိတ်တိတ်ကာရယ်
ရီပြုံးမျက်နှာ အေးချမ်းစွာဖြင့်
စောင့်လို့ကာကြို ချစ်သူပျိုကို
အိမ်ရှေ့တပြဉ်း အသာစင်းကာ
ဤရုပ်နာမ်ကိုယ် မြဲသို့တည်း...။

"ငါ"

"ငါ"တစ်ယောက်ကောင်းစားဖို့
ငါ ဒုက္ခရောက်တာ
မငြီးကြနဲ့ တနိုင်ငံလုံး ကောင်းစားဖို့
ထောင်ထဲက ဒုက္ခနဲ့ လဲမလား?

"ငါ"တစ်ယောက်ကောင်းစားဖို့
အလောင်းပေါတက် "ဘုရင်ဟဲ့"လို့
အော်တဲ့လူကိုမပေါင်းကြနဲ့
တနိုင်ငံလုံး ကောင်းစားဖို့
ဇီဝိန်ကိုပေး စတေးခဲ့နိုင်လား?

"ငါ"တစ်ယောက်ကောင်းစားဖို့
ဗမာ အချင်းချင်းခေါင်းကိုနင်း
မာနထောင်လွှား မမော်ကြွားနဲ့
တမျိုးသားလုံးကောင်းစားဖို့
လက်တွဲကူကြ ဒို့မောင်နှမ...။

Tuesday, November 18, 2008

ကျား၇ဲ့ဝေစု

အဘယ်မျှပင် ကောင်းတယ်ဆိုဦး
ငါမျိုချမယ့် အသားတစ်ဖဲ့သည်
ငါနဲ့အတူမြေအငူ၌ နေသူထံမှ
သတ်၇သော အသားပါလား
ငါမစားသင့်
ထိုအတွေး၇င့်ကို
မြေခွေးနှင့်ခွေးများ
စဉ်စားကြမည် မဟုတ်ချေ။

အပါယ်ဖိတ်စာ

၇ိက္ခာ၇ယ် မပါ
သိက္ခာ၇ယ် သေးသိမ်ပါ၇ဲ့
ပိတ္တာလို ဘ၀မျိုးမှာ
အ၀ိဇ္ဇာ ပ၀ါစီး
မိစ္ဆာအယူ အကုန်ကျင့်တတ်
အိုဘယ့် သင့်လို လုလင်အိုသည်
င၇ဲအစုံ ဘုံ၇ှစ်ဘုံ၌
စုံဆန်ကူး ခတ်နေပေလိမ့်မည်
ဘု၇ား အဆူဆူပွင့်သို့တည်း။

ဆုံးမစာ ၁

ေ၇ကြည်ကိုလည်း မနှောက်နဲ့
အနည်မှုန်တို့ထတတ်တယ်။
သေ၇ည်ကိုလည်း မသောက်နဲ့
အပါယ်ဘုံသို့ ကျတတ်တယ်။
မြူသလိုပုံနဲ့ ခလေးကိုမစနဲ့
ခလေးဆိုးမို့ ဆဲတတ်တယ်။
လူကိုယုံပြီး အကြွေးမချနဲ့
အကြွေးများတော့မွဲတတ်တယ်။

Tuesday, November 11, 2008

၂၉ လမ်း ကထိန်ပွဲ

တဆောင်တိုင်...မှတ်မိသေးတယ်
ငါမမွေးခင်ထဲက ၀ံသာနုလူငယ်တွေ ပျော်တဲ့ ကထိန်ပွဲ
ဘာသာခြားပါ အားပေးတဲ့ ကထိန်ပွဲ
လက်ကျောတင်းအောင် သင်္ဃန်းသယ်၇တဲ့ပွဲ
ဘုရားသားတော်တွေ လဘ်၇ွှင်တဲ့ပွဲ
မနှစ်ကအကျင်း၇ုံးလေး ခိုးလုပ်လိုက်၇တယ်

၇ုံးချိန်

ဝမ်းခေါင်းက တဂွမ်ဂွမ်
ထမင်းစားဖို့ ကြံ
ကြံလေသမျှ မှန်အောင်ဗျ
ထမင်းဆိုင်ကို ကြွ
စားလို့ပြီးမှ ဗိုက်ကဝ
အိပ်ချင်လာပြီဗျ။

မင်းမုန်းတဲ့နေ့

အဲ့ဒိနေ့ပေါ့..............
နေပူကျဲတဲ မိုးကြိုးပစ်တဲ့နေ့
လမ်းလျှောက်၇င်း ဖိနပ်ပျောက်တဲ့နေ့
လွင်တီးခေါင်မှာ အသက်၇ူကျပ်တဲ့နေ့
အ၇ွက်မပါတဲ့ထီး ခေါင်းပေါ်ေ၇ာက်တဲ့နေ့
ငါ့သစ္စာ၇ှင်...မင်းမုန်းတဲ့နေ့