Thursday, November 27, 2008

"ကြို"

ချိုအေးကြည်သာမင်းမျက်နှာကို
တစ်နေ့မမြင်စိတ်မရွှင်လို့
ရင်မှာတမ်းတ လွမ်းလျှနေသည်
ဘဝကပေး ငါ့၏ဘေးကို
ဝမ်းတွင်းမြိုသိမ့် တိတ်တိတ်ကာရယ်
ရီပြုံးမျက်နှာ အေးချမ်းစွာဖြင့်
စောင့်လို့ကာကြို ချစ်သူပျိုကို
အိမ်ရှေ့တပြဉ်း အသာစင်းကာ
ဤရုပ်နာမ်ကိုယ် မြဲသို့တည်း...။

2 comments:

mabaydar said...

ဒီကဗျာက ဘ၀အဆစ်ချိုး ၁ က ကောင်မလေးကာတွန်းဆိုင် အလာကို နင့်အိမ်ရှေ့ကပျဉ်က ထိုင်စောင့်တုန်းက စပ်တဲ့ ကဗျာဖြစ်မယ်.. တိနေတယ်နော်...

Retkhita said...

ဟုတ်ပ...မဗေဒါ...ငါ့သူငယ်ချင်းလို့မပြောရဘူး :D